vendredi 10 décembre 2010

ကျန်းမာသော ဆံကေသာသို့...

မိန်းမ တို့ ကောင်းခြင်း ငါးဖြာမှာ ဆံကေသာက လည်း တစ်ပါး ပါဝင်သတဲ့....

မိန်းမတို့ ဘုန်း ဆံထုံး လို့ လဲ အဆို ရှိသေးတယ်.....

ပိတုန်းရောင် ကေသာ...၊ ဖြောင့်စင်း ဆံလုံး သေးသွယ် တဲ့ ကေသာ...... အစ ရှိသဖြင့်ပေါ့...။ ကောင်း ဖို့က သာ မလွယ်တာ.. ပျက်ဖို့ကတော့ လွယ်သား..နော့.......။

ဖွံ့ဖြိုး တိုးတက်နေတဲ့ နည်းပညာ တွေနဲ့ ဆံပင်ကို ပံတွေ အမျိုးမျိုးသွင်း.. အရောင်တွေ အမျိုး မျိုး ပြောင်း... ညှပ်လိုက် ဆက်လိုက် ဖြောင့်လိုက် ကောက်လိုက် လုပ်နေ တတ် လွန်းတဲ့ ကျမ တို့ ခုခေတ် မိန်းကလေး တွေ..... အရင်ဆုံးနဲ့ အများဆုံး ကြုံ တွေ့နေရတဲ့ ပြဿနာက ....

၁။ ဆံပင်ကျွတ်ခြင်း


ဆံပင် ကျွတ်ရခြင်းမှာ အကြောင်းအရင်းများစွာ ရှိတဲ့ ထဲမှာ

အနီးစပ်ဆုံး အကြောင်းအရင်းတွေကတော့..


၁) ဗေါက်ထခြင်း

၂) ကင်ဆာ ကဲ့သို့သော ရောဂါအတွက် ဆေးပြင်းပြင်းမှာ သုံးစွဲခြင်း

၃) ကိုယ်ဝန် တားဆေး များ သုံးခြင်း

၎) စိတ်ဖိစီးမှု များခြင်း

၅) အပူ ပေး လွန်ခြင်းကြောင့် ဆံပင်သား လောင်ကျွမ်းခြင်း၊ တို့ ပဲဖြစ်ပါတယ်..။


သားဖွားပြီးတဲ့အချိန် တွေမျိုး ..လို တခြား အကြောင်းရင်းတွေလည်း ရှိသေးတယ်...။


အရင်ဆုံး.. ဦးရေပြားက နေစမယ်..။


ဦးရေ ပြားကို မကုတ်ဖဲ့ပါနဲ့။ ခေါင်း လျှော် တဲ့ အခါ လည်း လက်သည်း နဲ့ အရမ်း ကုတ်ဖဲ့ ခြင်း မလုပ် ပါနဲ့.. လက် ထိပ်က အသားလေး နဲ့ အသာလေး ပွတ်ပေးပါ။ လက်သည်းနဲ့ ခြစ်ကုတ်ရင်.. ဦးရေပြားအတွင်းမှာ ရှိတဲ့ ဆံပင်အမ်ြစ်၊ (အဆီအိတ်လေးတွေ) ကို ကုတ်ဖဲ့ မိသလို ဖြစ်နိုင်တဲ့အတွက်.. ဆံပင်တွေကို ကျွတ်တတ်ပါတယ်။ ကျွတ်သွားတဲ့ ဆံပင်နေရာမှာ ပြန်ပေါက်ဖို့လဲ မလွယ်ဖူး။


ဗောက် တွေ နဲ့ ဦးရေပြားကို......

ဦးရေပြားမှာ အဆီဓါတ် နည်းတဲ့အခါ၊ ခေါင်းလျှော် ရည် တွေ မစင်တဲ့အခါ ၊ ဂျယ်တွေသုံးပြီး စင်အောင် ပြန်မဆေးတဲ့ အခါတွေမှာ ဗောက်တွေ ထ လာတတ်တယ်။

ဗောက်တွေကို လက်သည်းနဲ့ ခြစ်ကုတ်လေ.. ပိုထလာလေပဲ....။ အုန်းစီလေး ထည့်တည့် ပေးပါ။ ဦးရေပြားက အဆီဓါတ်ကို အလုံအလောက် ရတဲ့အခါ.. ပျောက် သွားပါလိမ့်မယ်။


ပေါင်းတင်ဆေး၊ ပျော့ဆေးများ..အစရှိတဲ့ ဓာတုဗေဒ ဆေး တွေကို တစ်ခါတစ်ရံ လောက်သာ သုံးပါ။


(မြန်မာ ပြည်မှာ ရှိတဲ့ တလျော် ကင်ပွန်း ခေါင်းလျှော် ရည်အစစ် တွေက.. တော့ အကောင်းဆုံးပါပဲ ။)


သံပုရာ သီးမှာ ပါတဲ့ အက်စစ် ဓါတ်က ဗောက် သေစေပါတယ်။


ခေါင်းလျှော်တဲ့ ....ခေါင်းလျှော် ရည် မသုံးမီ ဦးရေပြားက ဗောက်တွေ ရှိနေတဲ့ နေရာကို သံပုရာ သီးစိတ်လေးနဲ့ ပွတ်လိုက်ပေးပါ။


ပြီးမှ ခေါင်းလျှော် နဲ့ လျှော်ပြီး ရေကို စင်အောင် ဆေးပါ။


အမြဲ သန့်ရှင်းနေတဲ့ ဦးရေပြား ပေါ်မှာ သန်းတွေ ဗောက်တွေ မတွယ်ကပ်နေနိုင်ပါဘူး။


ခေါင်းလျော် ပြီးတဲ့ အခါ


ခေါင်းလျှော် ပြီးတဲ့ အခါ၊ သဘက်နဲ့ သုတ်တဲ့သူ ရှိသလို၊ အပူပေးစက်နဲ့ အခြောက် ခံတဲ့သူတွေလဲ ရှိပါတယ်၊


၂မျိုး လုံး ကို မျှ မျ တတ လုပ်ပေး နိုင်ရင်ကောင်းပါတယ်။


သဘက်နဲ့ သုတ်တဲ့အခါ..... အတင်း ခြောက်ရင် ပြီးရော ဆိုပြီး လုံးထွေးပြီး အသုတ်ပါနဲ့..သဘက်ကို လက်နဲ့ သေချာ ဖိကိုင်..ပြီး၊ ဦးရေပြားး ( ဆံပင်အရင်းကို) ဖြေးဖြေး သာသာ သုတ်ပေးပါ။



သတိထားရမှာက.. ဆံပင်ကို ဆွဲ စောင့် နေသလို မဖြစ်ဖို့ပါ၊


ရေတွေ စစ်ပြီး အတော်အတန် ခြောက်သွားရင်... လေထဲမှာ ဒီတိုင်းထားပြီး အခြောက်ခံထားလိုက်လို့ ပါတယ်။ရ


( အဲ့လိုမျိုးကို နှစ်ပတ် တစ်ခါလောက် ပဲ လုပ်တာ ကောင်းပါတယ်..။ ခေါင်းကို မကြာခန အဆိုခံရင် ဦးနှောက်ကို ထိခိုက်တတ်တယ်)


အပူပေးစက်နဲ့ အခြောက် ခံတဲ့အခါ.....အရင်ဆုံး ရေစစ်သွားအောင်.. သဘက်နဲ့ သုတ်ပေးပါ။ အပူခံဆေး (heat protector cream) တမျိုးမျိုးကို ဦးရေပြား မထိပဲ ဆံပင်အသား နေရာ အနှံ့လိမ်းပါ။



ပြီးရင် ဘီးနဲ့ ဆံပင် အစို ကို ဖြီးပေးပါ။


ပြီးမှ လေနဲ့ မှုတ်ပါ။ စက်ကို ခပ်ခွာခွာကနေ ထားပြီး အခြောက်ခံပါနော်။ တနေရာထဲကို တောက်လျှောက် အကြာကြီးမလုပ်ပဲ.. နေရာအနှံ့ကို မျှ လုပ်ပါ။


သဘောက.. အပူပေးလိုက် အအေးခံလိုက် ဖြစ်အောင်ပါ။ အပူကို တောက်လျှောက် ထိရင် ပို ပျက်စီးလွယ်တယ်လေ...။


(** ဆံပင် ဖေါင်းဖေါင်းလေးနဲ့ အုံထူသလို မျိုး လိုချင်ရင်.. ခေါင်းကို ဇောက်ထိုးထား ပြီး အပေါ်ကနေ....အပူမှုတ်ပေးပါ


နောက် ဦးရေပြားကို လက်ချောင်း ထိပ်ကလေးနဲ့ စက်ဝိုင်းပုံစံမျိုးနှိပ်နယ်ပေးပါ။

နားထင် ၂ဖက်ကို လက်မ နဲ့ ထောက်လိုက်ပါ.။ ကျန်လက်ချောင်းလေးတွေနဲ့ ဦးရေပြားပေါ်မှာ လက်လျှောက်နေတဲ့ ပုံမျိုး နေရာအ နှံ့ နှိပ်နယ်ပေးပါ။



ဆံပင် ဖြောင့်တဲ့၊ ကောက်တဲ့ အခါ


ဘယ်လို အပူပေးတဲ့စက်ကိုပဲ သုံးသုံး အရင်ဆုံး အပူခံဆေးကို လိမ်းပေးဖို့ မမေ့နဲ့နော်။


ခေါင်းဖြီးတဲ့ အခါ


ဖွားဖွား တို့သုံးတဲ့ ၀ါးဘီးက ဆံပင်သားနဲ့ ဦးရေပြား ကျန်းမာရေး အတွက် အသင့်တော် ဆုံးပါပဲ။

  • ပလတ်စတစ် ဘီးတွေထက် ပိုပြီး နူးညံ့တယ်။
  • ပလတ်စတစ်ဘီး တွေလို လျှပ်စစ် မစီးနိုင်ဖူး။
  • ဦးရေပြားကို မပွန်းပဲ့စေဘူး။ ဆံပင်သားကို တောက်ပစေတယ်။





ဆံပင်ရှည်တဲ့ သူတွေ ၊ ဆံပင်ရှုတ်လို့ ရှင်းတဲ့အခါ ၊ ရှုတ်နေတဲ့ ဆံပင်တွေကို စုစည်းပြီး အပေါ် နေရာနားကနေ ကိုင်ပြီးမှ ရှင်းမယ်ဆို... ဘီးနဲ့ ဆွဲပြီး ဖြီးတဲ့အခါ.. အရင်းကနေ စောင့်ဆွဲ သလို မဖြစ်တော့လို့.... ဆံပင်ကျွမနိုင်ဖူးပေါ့။


ဆံပင်နှစ်ခွ၊ သုံးခွ ဆို..


် နှစ်ခွဖြစ်နေတဲ့ ဆံပင်လုံးရဲ့ အဖျား လေးတွေကိုပဲ ကတ်ကြေးနဲ့ ဖြတ်ပေးပါ။ လက်နဲ့ အလွယ်တကူ ဆွဲဖြတ် တာမျိုးကို ရှောင်ပါ။


သုံးလက်စ ခေါင်းလျှော်ရည်အစား တစ်ခြား ပျက်စီးနေတဲ့ ဆံပင်ကို ပြုပြင်တဲ့ ဆေးခေါင်းလျှော် တမျိုးမျိုးကို ပြောင်းသုံးကြည့်ပါ။


သံဓာတ်၊ အခါးဓါတ်က ဆံပင်အတွက်


သဘာဝ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးများ မှာ ပါတဲ့ အခါးဓါတ်က ဆံပငသန်စေခြင်းရဲ့ အဓိက သော့ချက်။


ကြက်ဟင်းခါးသီး များများ စား၊ သံလွင်သီး များများ စား၊ သံဓါတ်ပါတဲ့ ငါးကို များများ စား။


အစိမ်းရောင် ဟင်းသီးဟင်းရွက်ကို များများစားပါ။


မုန်လာဥနီ ၊ ကြက်ဥ၊ ဘဲဥ များကိုလည်းစားပေးပါ။


ကိုယ်အလေးချိန်အတွက် အစားလျော့စား ခြင်းကလည်း ဆံပင်ကျွတ်ခြင်းကို ဖြစ်စေတယ်။


နေကြောင့်၊ လေကြောင့်......


ပူထဲ ပဲသွားသွား၊ ဆောင်းတွင်း နှင်းတော ထဲပဲ သွားသွား.. ဦးထုပ်လေး ဆောင်းသွားဖို့ ၀န်မလေးပါနဲ့ ၊


နေဒဏ် လေဒဏ် ကြောင့် ဆံပင်အသားတွေ ပြတ် ခြင်း၊ ခြောက်သွေ့ခြင်း၊ အရောင် မှေး မှိန်ခြင်း များကို ဖြစ်စေလို့ပါ။


သဘာဝ အတိုင်း ပေါင်းတင်နည်း


ကြက်ဥ အနှစ် (ပျော့ပျောင်းစေသည်) ၊ သံပုရာရည် အနည်းငယ် (အညစ်အကြေးသန့်စင်သည်) ၊ သံလွင်ဆီ (သို့) အုန်းစီ (ဆံပင်သန်စွမ်းစေသည်) တို့ကို ရောနယ်ပြီး ဆံပင် အသားပေါ်မှာ လိမ်းထားပြီး

ပလတ်စတစ် ခေါင်းစွပ်နဲ့ အုပ်ဆိုင်းပါ။ ၁၂ မိနစ်လောက် ကြာမှ ရေနဲ့ ဆေးပြီး နှစ်သက်ရာ ခေါင်းလျှော် ရည်နဲ့ လျှော်နိုင်ပါတယ်။


ဒီလောက်ဆို.. လုံလောက်ပြီ ထင်ပါတယ်....။


အားလုံးပဲ အဆင်းရော အချင်းပါ လှကြပါစေ..။










1 commentaire: