dimanche 2 janvier 2011

ကိုယ်ပင်ပန်းနွမ်းနယ် လာတဲ့အခါ..နဲ့ မျက်ကွင်း ညိုခြင်းကို ပျောက်ကင်းအောင်

ခုပို့စ်မှာ ပင်ပန်းနွမ်းနယ် လာတဲ့အခါ အချိန်တိုအတွင်း...ပြန်ပြီး လန်းဆန်း လာစေမဲ့.. နည်းကောင်းလေး တခုကို ပေးမလို့ပါ..။ ပြီးတော့

အားနည်း ပင်ပန်း၊ အိပ်ရေးပျက်... ဘယ်လို အကြောင်းမျိုးနဲ့ ပဲဖြစ်ဖြစ် မျက်ကွင်းတွေ ညိုနေတဲ့ အခါ... ညိုမဲနေတာ တွေ ပျောက်ကင်းအောင်... လုပ်လို့ရတဲ့ နည်း လေးတွေကို ပြောပြချင်လို့ပါ။

ပထမ တခုအတွက် စပြောမယ်နော်။

အလုပ်က ပြန်လာလို့.. မျက်နှာ မှာ ချွေးစ ချွေးန တွေနဲ့၊ ပင်ပန်း နွမ်းနယ် သလို ဖြစ်လာတဲ့အခါ... အလှပြင်ထား ပေမဲ့လည်း မလန်းဆန်း သလို ဖြစ်နေတတ်ပါတယ်နော့

အေးစိမ့်တဲ့ အထိအတွေ့က လန်းဆန်း မှုကို ပေးစွမ်းနိုင်ပါတယ်။

အရင်ဆုံး ရေခဲကို အဆင်သင့် ပြင်ထားပါ.။

နောက် လက်ကိုင်ပ၀ါ အသန့်လေး တထည်ကို အသင့်ပြင်ထားပါ။

နောက် သံပုရာသီး တစိတ်လဲ လိုအပ်ပါတယ်။

လက်ကိုင်ပ၀ါကို ရေခဲ အုပ်ထားပြီး ရေခဲသေတ္တာ ထဲမှာ ၅ မိနစ် ကနေ ၁၀ မိနစ်အထိ.. အေးစက် လာအောင် ထားပါ။ စောင့်နေတဲ့ အချိန်အတွင်းမှာ မျက်နှာကို စင်ကြယ် အောင် သစ်ထားပါ။ အသင့်ဖြစ်ပြီဆိုတာနဲ့ အေးနေတဲ့ လက်ကိုင်ပ၀ါကို
တစ်ရူး စက္ကူလို ပုံစံမျိုး ခေါက်လိုက်ပါ။ ခေါက်ထားတဲ့ အပေါ်မှာ သံပုရာရည်
ကို နေရာ အနှံ့ အနည်းငယ် ညှစ် လိုက်ပါ။

နောက် သန့်စင်အောင် ဆေးထားတဲ့ မျက်နှာ ပြင်ပေါ်ကို သံပုရာရည်ညှစ်ထားတဲ့လက်ကိုင်ပ၀ါစ ကပ်ပေးပါ။ တနေရာထဲကို အကြာ ကြီး ကပ်ထားတာ မျိုး မဟုတ်ပဲနဲ့.. တနေရာဆီကို ၃ စက္ကန့်လောက်စီ ကပ်ပြီး နေရာအနှံ့
ကပ်ပေးပါ။ ပြီးတာနဲ့ ပင်ပန်းတာတွေ ပျောက်ပြီး လန်းဆန်းတဲ့ ခံစား မှုမျိုး
ရလာမှာ သေချာပါတယ်။

သံပုရာရည် မှာ ပါတဲ့ ဗီတာမင် စီ နဲ့ ရေခဲ ရဲ့ အေးစက် တဲ့ အထိအတွေ့ တွေကြောင့် နွမ်းနယ်နေတဲ့ အသားအရည်လေး စိုပြေ ပြီး လန်းဆန်းသွားတဲ့ အပြင် သုံပုရာရည်က ပါတဲ့ အက်စစ် ဓတ် နဲ့ ရောဂါ ပိုးမွှားတေကို ပါ သန့်စင်စေတယ်..။

ဝက်ခြံ ပေါက်တဲ့ အခါလည်း အရောင် ကျအောင် ရေခဲ အုံပေးလို့ရပါတယ်။ ရေခဲက အဖောအရောင်ကို ကျစေတာကိုး။****

။။။။။။။။။

မျက် ကွင်းညို တာကို ကုတာကတော့ လွယ် လွန်းလို့ အမလေးဟယ်.. ဒါလေးများ လို့ ပြောယူသွားမယ်။

တကယ်ပါ။

ကျမ တော့ အမြဲ အဲ့နည်းပဲ သုံးတယ်။

ဒီပုံထဲမှာ ပြထားတာကို တွေ့တဲ့ အတိုင်းပါပဲရှင်။

လက်ဖက်စိမ်းအေးအေးလေး ၂ထုပ်က မျက်ကွင်းညိုတာကို ပျောက်စေပါတယ်။

လက်ဖက်စိမ်းအထုပ်ကို ရေအေး ထဲမှာ စိမ် ။

ရေက အရောင် ပြောင်သွားပြီ ဆို အထုပ်တွေကို ဆယ်၊ ရေစစ်။

တခါ ရေခဲ သေတ္တာ ထဲ ထည့်ရင်ထည့်။ ရေခဲ အုပ်ရင်အုပ်။ အဓိကက အေး သွားဖို့ပဲ။ ၅ မိနစ်လောက် ထား။

ပြီးရင် မျက်လုံးပေါ်အုပ်ထားလိုက် ၁၂ မိနစ်လောက်။ အရောင်က တော်တော် ညိုရင် ကြာကြာ အုပ်ပေါ့နော့။

ပြီးကြည့်လိုက် ညိုတာ င်္တေ ကျသွားတာ တွေ့လိမ့်မယ်။ အဟုတ်။

။။။။။

မျက်ကွင်းညိုတာကို

၁။ လက်ဖက်စိမ်း ထုပ်

၂။ သခွားသီး အရည်

၃။ ဗီတာမင်အီး ဆေး

၎။ ရေခဲစိမ်အ၀တ်အေးအေး

တွေနဲ့လည်း ကုလို့ရပါတယ် ရှင်။

.......... အားလုံးပဲ အဆင်ပြေ ပါစေနော် ......။