mardi 16 novembre 2010

ကမ်းစပ်ကိုသွားတဲ့အခါ..အသားအရေ မပျက်စီးရအောင်...





ကမ်းခြေကို သွားပြီဆိုတာနဲ့.. အားလုံးက အသားမဲ မှာ ကို ကြိုသိပြီး လန့်နေတတ် ကြပါတယ်။

တကယ်လည်း ညိုတိုတို လေး ဖြစ်သွားတတ်တာကိုး....နော့.။

ပင်လယ်ရေပြင်ကို ထိပြီး ပြန်ကန် ထွက်လာတဲ့ နေရောင်ခြည်ဟာ.... ကမ်းစပ်ကလူတွေရဲ့ အသားပေါ် တိုက်ရိုက် ( များသောအားဖြင့် ရေကူးဝတ်စုံ နဲ့ ဘောင်းဘီတို များသာ ၀တ်စင်တာကိုး ) ထိ လာတဲ့ အခါ... သာမန် နေရောင်ထက် အဆများ စွာ ပိုပြင်းထန် တဲ့ ထိခတ်မှု တွေကြောင့်.... ခနတွင်းမှာ အရောင်ကို ပြောင်းသွားစေတာပါ..။...အသားညိုမှာကို ပဲ တွေးကြောက်နေရမှာ မဟုတ်ဘူး.....တကယ်တော့ ... နောက်ဆက်တွဲ ပြသနာ ဖြစ်တဲ့ အရေပြားကင်ဆာ ရောဂါကို ပါ ထည့်တွက် စိုး ရိမ် ရမှာပါ....။

ခရမ်းလွန်ရောင်ခြည် လို့ မြန်မာလို ခေါ်နေတဲ့ Utraviolet (UV) မှာ နှစ်မျိုး နှစ်စား ရှိပါတယ်။

UVA and UVB တို့ပါ...။ A ဆိုတာ aging (ရင့်ရော်ခြင်း ) နဲ့ B ဆိုတာ burning (လောင် ခြင်း ) တို့ ပဲဖြစ်ပါတယ်။

ကမ်းစပ်ကို သွားချင်သူများအတွက်...ကတော့....ရေစိုခံ နေရောင်ခြည်ကာ (water proof sunscreen) ခရင်မ် များကို မသုံးမဖြစ် သုံးကြရတော့ပါမယ်။

ရေလောင်တာကော... နေလောင်တာကော... ကာကွယ်ရပါမယ်။ ပင်လယ်ရေ က ပါလာတဲ့ ဆားဓါတ်က ခန္ဒာကိုယ်က ရေဓါတ်ကို စုပ်ယူလို့ အသားရေကို ခြောက်သွေ့စေတယ်။

နေရောင်ခြည်က ပါလာတဲ့ ခရမ်းလွန် ရောင်ခြည်က .. အသားကိုခြောက်စေတယ်၊ ညို စေတယ်၊ (နေလောင်စေတယ်)။



Aloe Sunscreen
•High SPF for more sun protection
•Strong, waterproof formula which retains its SPF up to 40 minutes after water activity
•Moisturizes skin to prolong your tan
•Safe and gentle enough for children ( ခလေး တွေကို ပါပေး နိုင်တဲ့ ခရင်မ် အမျိုးအစားပါ။ )
•After-sun and dual-action protection

(ဥပမာ၊ အဲ့လို ခရင်မ် မျိုးကို )


၁၊ ရေစိုခံ နေရောင်ခြည်ကာ ခရင်မ် တမျိုးမျိုးကို နေပူထဲ မထွက်ခင် မိနစ် ၂၀ ကြို လိမ်းထားပေးပါ။

နောက် ရေထဲ ဆင်းပြီး ပြန်တက်လာတဲ့ အခါလည်း လိမ်းပေးပါ။

၂၊ ဆံပင်နဲ့ မျက်နှာပြင်ကို ကာကွယ်ဖို့ ဦးထုပ် ကြီး ကြီးကို တတ်နိုင်သမျှ များများ ဆောင်းပေးပါ။ ( အတတ်နိုင်ဆုံး အရိပ်မှာ နေပါ။ ထီးအကြီး အောက်မှာ နားခို နေဖို့ ၀န်မလေးပါနဲ့ )

၃။ ရေကူးလို့ ၀သွားရင်.... ကျေးဇူးပြုပြီး... ရေသန့် (ချိုးရေ ) နဲ့ ပြန်ချိုး ဖြစ်အောင် ချိုးပေးပါရှင်။

ပင်လယ်ရေဆိုတာ.. အသားပေါ်မှာ ကြာကြာ ထား လို့ ကောင်းတဲ့ အရည် မဟုတ်ဖူး ရှင့်။ ပျက်စီးတတ်တယ်။

အင်း... ပြီးတော့......

၎။ ရေ ချိုး ပြီးတာနဲ့ လိမ်းနေကျ လိုရှင်း တခုခုကို လိမ်းပေးပါ။ ( သနပ်ခါးက မြန်မာ တနိုင်ငံထဲမှာ ပဲ ရနိုင်တဲ့ အသားရေ အတွက်
အကောင်းဆုံးသော မြန်မာထုတ် လိုရှင်း စစ်စစ်ပါ၊ နေရောင်ဒဏ်ကို အပြည့်အ၀ ကာကွယ်တယ်။ ) စနိုးရှိလို့ လိမ်းထား ရင်လည်း ရပါတယ်။

၅။ “ပင်လယ်စာ” လေး ကို အမြတ်ထုတ်ရအောင်.....။ ပင်လယ် စာ တော်တော် များများ မှာ အိုမီဂါ သုံး ပါဝင်တာပါတယ်။ သူက ခန္ဒာကိုယ်က အဆီပိုတွေကို တိုက်ဖျက်တဲ့နေရာမှာ သုံးတာပါ။ ( ပိန်ချင်တဲ့ သူများ ပင်လယ်စာ များများ စားနော်)


ငါး စားရင် ဥာဏ် ကောင်းတယ် ပြောတာ ကြားဖူးတယ် .. ဟုတ် ??
ပင်လယ်ငါး စားရင်... ဦးနှောက်မှာ ရှိတယ် အာရုံကြောတွေ အားကောင်းစေတယ် တဲ့....။ စိတ်ကျရောဂါ၊ စိတ်ဓါတ် ကျခြင်းကို ကာကွယ်ပါသတဲ့။

( အချို ဓါတ်ကလည်း စိတ်ဓါတ်ကျ ခြင်းကို ကာကွယ်ပြီး တက်ကျွ လန်းဆန်းစေပါတယ်၊ ဥပမာ ရေခဲမုန့် ပေါ့ )

ပုံမှန် အမြဲ စားပေးရင် အသည်းရောဂါ (မြန်မာ မှာ အဖြစ် များပါတယ် ) ကို တောင် ကာကွယ်ပေးနိုင်တယ်...။

omega 3 ( အိုမီဂါ သုံး ) ပါဝင်လို့ ခန္ဒာကိုယ် မှာ ရှိတဲ့ အဆီပို တွေကို ပယ်ဖျက် ပေးပးပါါတယ်...။ ( ၀ိတ်ချ ချင်တဲ့ သူတွေအတွက် ကောင်းတဲ့ အစားအစာ လေးပါ။ )

ပုဇွန်၊ ကင်းပွန်၊ (ရေဘ၀ဲ) လည်း အတူတူ ပါပဲ နော်။ အာနိသင်ဖြင်း အတူတူပဲ။

အော်... မြန်မာ ပြည်က ကမ်းစပ်သွားလို့ အုန်းဆီ စစ်စစ် ရရင် ၀ယ်လာခဲ့အုံး....။

ဆံပင် သန်ချင်၊ နက်မှောင် ချင် တဲ့ သူများအတွက် အုန်းဆီ နဲ့ ဆံပင် ပေါင်းတင် ခြင်းက အထိရောက်ဆုံး အကောင်းဆုံးသော နည်းပါပဲ...။ သံလွင်ဆီကို လည်း အသုံး ပြု နိုင်ပေမဲ့..အုန်းဆီလောက်တော့ မထိရောက်ဖူး..။

၆။ နေဒဏ်၊ ရေဒဏ်တွေကြောင့် ဆံပင် ပျက်စီး သွားရင်သဘာဝ အတိုင်း.. ပေါင်းတင်ရအောင်...

ရေသန့်သန့် နဲ့ လျှော် ထားတဲ့ ဆံပင်ကို ရေနည်းနည်း စစ်သွားအောင် သုတ်လိုက်ပါ။

မခြောက်သေးတဲ့ အနေအထားမှာ အုန်းဆီကို အရင်းကနေ စလိမ်းပြီး ( ကွန်ဒီရှင်နာ conditioner သုံးမယ် ဆိုရင်တော့ အတတ်နိုင်ဆုံး အရင်း ကို မထိပါစေနဲ့ ဦးရေပြားကို ထိခိုက်စေပါတယ် )

သဘက် သို့မဟုတ် ပလတ်စတစ်ခေါင်းစွပ် နဲ့ အုတ် ထားပါ။

၁၂ မိနစ်လောက် ထားပြီးမှ ရေးဆေးချ ပြီး လျှော်ပေးပါ။ (အုန်းဆီအနံ့ကို ပျောက်စေဖို့ နှစ်သက်ရာ ခေါင်းလျှော် ရည် တမျိုးမျိုးကို နည်း နည်းလေး ထည့် လျှော် ပေးပါ။ )


အပတ်စဉ် လုပ်ပေး ရင်လည်းကောင်းပါတယ်။






hope you enjoy it ^^....................။......................................

Aucun commentaire:

Enregistrer un commentaire